Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၈၇၀၀၀-၉၀၀၀၀)ကျပ်၊နှမ်းနက် (၈၀၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၆၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၀၀၀၀-၈၉၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၇၅၀၀၀- ၉၀၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၇၃၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံ ဈေးနှုန်းများ အနည်းငယ် မြင့်တက် လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၃၀၀မှ၅၄၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၁၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၁၀၀-၅၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၉၀၀)ကျပ် ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင် တစ်ပတ်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် (၂၀၀)ကျပ်၊  ဆီဆံဖြူ တစ်ပိဿာလျှင် (၂၀၀)ကျပ်နှုန်း မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News